ကမ္ဘာ့ ပေါ်ရှိ အိမ်ခြံမြေ ဈေးအသက်သာဆုံး ၁၀နိုင်ငံ
အခုဆိုရင်
အမေရိကလို၊ ဗြိတိန်၊ အော်စတြေးလျနဲ့ ပြင်သစ်လို
နိုင်ငံမျိုးတွေမှာ လူနေမှုကုန်ကျစရိတ်ဆိုတာ မိုးမျှော်နေပါပြီ။ ဒါပေမယ့်
သင်ဟာ သင့်နိုင်ငံကနေထွက်ခွာပြီး တစ်ခြားနေရာသစ်တစ်ခုမှ
ဘ၀သစ်ရှာဖွေချင်တယ်ဆိုရင်ဖြင့် ကမ္ဘာပေါ်မှာ
နေမှုထိုင်မှု ကုန်ကျစရိတ် အလွန့်အလွန်သက်သာပြီး ဈေးပေါတဲ့ နိုင်ငံတွေအဖြစ်
ကြွားဝါအမွှန်းတင်ခြင်းခံနေရတဲ့ နိုင်ငံတွေ တော်တော်များများ ကျန်ရှိနေပါသေးတယ်။
ကဲဒါဆိုရင် သင်ဟာ စိတ်ချမ်းသာရာနေရာ
ဘယ်လိုနေရာမှာပဲနေရနေရ အဆင်ပြေတယ်ဆိုရင်တော့ ဒီနိုင်ငံ ၁၀နိုင်ငံကို သင့်ရဲ့
အနာဂတ် အစီအစဉ်တွေထဲမှာ ထည့်သွင်းထားသင့်ပါပြီ။ နံပါတ် ၁နေရာကနေ စကြည့်မယ်ဆိုရင်တော့-
1. Cambodia ကမ္ဘောဒီးယား
အပူပိုင်းဒေသက
သုခဘုံလေးတစ်ခုကို စဉ်းစားမယ်ဆိုရင် ကမ္ဘောဒီးယားနိုင်ငံဟာ သင့်စိတ်ကူးထဲကို ပထမဆုံးရောက်လာမယ့် နေရာတစ်ခုအဖြစ်
တိုက်ဆိုင်ချင်မှ တိုက်ဆိုင်နိုင်ပေမယ့် နည်းနည်းတော့ နီးစပ်ပါလိမ့်မယ်။ နောက်ထပ်
ဖြည့်ပြောရရင်တော့ ဒီနိုင်ငံရဲ့ လူနေမှုကုန်ကျစရိတ်ဟာ အရူးအမူး ဖြစ်လောက်အောင်ကို ဈေးသက်သာတာမျိုးဟာ
တစ်ခြား ဘယ်အပူပိုင်းဒေသမျိုးမှာမှ မရှိနိုင်တော့လောက်အောင်ပါပဲလေ။ အိပ်ခန်း
၎ခန်းနဲ့ ရေကူးကန်တစ်ခုပါဝင်တဲ့ ဇိမ်ခံအိမ်တစ်လုံးကိုမှ တစ်လလျှင် ဒေါ်လာ၆၀၀နဲ့
သက်သက်သာသာ ငှားရမ်းနေထိုင်နိုင်ပါတယ်။ ပြီးတော့ တစ်နှစ်လုံးအတွက် ငှားရမ်းမယ်ဆိုရင်တော့
ဒေါ်လာ၂,၀၀၀ တည်းနဲ့ ငှားရမ်းနိုင်ပြီး သင့်ရဲ့အိမ်ရာအဆောက်အအုံကို
ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လည်း ဥယျဉ်မှုနဲ့ အိမ်တော်ထိမ်းလိုမျိုး အိမ်မှုကိစ္စထိန်းသိမ်းဖို့အတွက်လည်း
ငှားရမ်းလို့ ရနိုင်ပါတယ်။
2. Ecuador အီကွေဒေါ
အီကွေဒေါကတော့ အမေရိကန်နိုင်ငံနဲ့ နေမှုထိုင်မှု
ပုံစံတော်တော်များများ ဆင်တုတဲ့ နိုင်ငံဖြစ်ပြီး အဲ့ဒီအတွက်အခုဆိုရင်
အမေရိကန်အများစုရဲ့ ထွက်ပြေးနားခိုရာနေရာ တစ်ခုဖြစ်လာနေပါပြီ။ အဲ့ဒီမှာ
အမေရိကန်ဒေါ်လာကို သူတို့နိုင်ငံသုံးငွေကြေးအဖြစ်တောင် အသုံးပြုနေကြပါပြီ။ ဒီနိုင်ငံမှာဆိုရင်
နေတိုင်းလို အပြင်ထွက်စားနေရတာဟာ ကိုယ့်ဟာကို ချက်စားတာထက်တောင်
အကုန်အကျသက်သာနေပြီး သင်ဟာ သင်ပိုင်ဆိုင်သော အိမ်ပိုင်ယာပိုင်တစ်ခုကို ဒေါ်လာ ၅၀,၀၀၀
တည်းနဲ့ ၀ယ်ယူပိုင်ဆိုင်နိုင်ပတယ်။ ပြီးတော့ သင်မရှိတဲ့ အချိန်တွေမှာ
အိမ်ကိုထိန်းသိမ်းစောင့်ရှောက်မယ့်သူ တစ်ဦးဦးကိုလည်း ငှားရမ်းနိုင်ပါတယ်။
3. Mexico မက္ကဆီကို
ဒီနိုင်ငံမှာ
ဆင်ရဲမွဲတေမှုနဲ့ ဖိစီးနေတဲ့ လမ်းတွေဖြင့် ပြည့်နေတယ်လို့ လူသိများပေမယ့်လည်း
အဲဒီမွဲတေမှုတွေရဲ့ အခြားတစ်ဖက်မှာတော့ သင်လိုအပ်မယ့် ဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်စုံနေစေမယ့်
ချမ်းသာကြွယ်ဝတဲ့နေရာ တော်တော်များများ ရှိနေပါတယ်။ သင့်မှာဒေါ်လာ၇၀၀
လောက်ရှိယုံမျှနဲ့ မက္ကဆီကိုမှာ
ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ပါတယ်။ အဲ့ဒီထဲမှာ ရှုခင်းကောင်းနေရာကောင်းမှာ
ဇိမ်ခံပစ္စည်းစုံစုံလင်လင်နဲ့
အစားအသောက်အပြည့်အစုံ ပါဝင်ပြီးသားနော်။
4. Argentina အာဂျင်တီးနား
အာဂျင်တီနားကတော့
လူသိများထင်ရှားတဲ့ ကမ္ဘာလှည့်ခရီးသွားစရာနေရာ
တစ်ခုအဖြစ်ရှိနေခဲ့တာ ကြာပါပြီ။ သိတဲ့အတိုင်း အဲ့ဒီမှာက အင်မတန်ကောင်းတဲ့
စားသောက်ဆိုင်ကြီးတွေ၊ ကြွယ်ဝလှတဲ့ သမိုင်းနောက်ခံအကြောင်းအရာတွေ၊
လှည့်လည်သွားလာစူးစမ်းစရာ နေရာတွေ တော်တော်များများရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
အဲ့ဒီမှာ အခြေချနေထိုင်မယ်ဆိုရင်တော့ အရမ်းဈေးမကြီးလှဘူးဆိုတာကိုတော့
ရှင်းပြနေစရာတောင် မလိုတော့ပါဘူး။ အလယ်အလတ်တန်းစား အိမ်တစ်လုံးအတွက် ဒေါ်လာ ၁၃၉,၀၀၀
ပတ်ဝန်းကျင်လောက်ပဲ ကုန်ကျစရိတ်ရှိပြီး၊ အမေရိကန်နိုင်ငံလိုမျိုးနဲ့ တွက်မယ်ဆိုရင်
ဈေးသက်သာနေတုန်းပါပဲ။
5. Vietnum ဗီယက်နမ်
ဗီယက်နမ်နိုင်ငံဟာလည်း
ခုနောက်ပိုင်းတော့ လူသိများထင်ရှားလာပြီဖြစ်တဲ့ Tourist Destination
တစ်ခုဖြစ်လာပါပြီ။ ဒီနိုင်ငံဟာ နိုင်ငံခြားသားအိမ်ယာပိုင်ဆိုင်မှုအတွက်
အရင်တုန်းကတော့ တာမြစ်ပိတ်ပင်ထားခဲ့ပေမယ် ခုတော့ အဲဒီဥပဒေကို
ပြန်လည်ရုတ်သိမ်းလိုက်ပါပြီ။ အဲ့ဒီမှာဆိုရင် မီလီယံဒေါ်လာပေါင်း မြောက်များစွားတန်တဲ့
ဇိမ်ခံအဆောက်အဦးနဲ့ ပင်လယ်ကမ်းခြေကအိမ်တွေရှိသလို အသင့်အတင့် ကောင်းမွန်တဲ့
ကွန်ဒို သို့မဟုတ် အိမ်သေးသေး တစ်လုံးကို ဒေါ်လာ ၂၅,၀၀၀ ကနေ ၅၀,၀၀၀ ထိပေးပြီး
သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့်နေရာမှာ ရှာဖွေဝယ်ယူနိုင်ပါပြီ။
6. Thailand ထိုင်း
ဒါကတော့ နောက်ထပ်လူသိများထင်ရှားတဲ့
ခရီးသွားစရာနိုင်ငံတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ လှည့်လည်သွားလာစရာ
နေရာတော်တော်များများ ရှိပါတယ်။ အကောင်းစားကွန်ဒိုတစ်ခုကို ဒေါ်လာ၃၀,၀၀၀ နဲ့ဝယ်ယူနိုင်ပြီး
ခြံကျယ်ကျယ်နဲ့ အိမ်ကြီးကြီးတစ်လုံးကို ဒေါ်လာ၆၀,၀၀၀ တည်းနဲ့ ၀ယ်ယူနိုင်ပါတယ်။
ပြီးတော့ ဈေးသက်သာတဲ့ အစားအသောက်နေရာတွေလည်းပေါပြီး ဈေးစစ်လိုက်မယ်ဆိုရင်
သင့်ငွေတွေကို ဒီထက်တောင်ပိုသုံးလို့ရနေအုံးမှာပါ။
7. Bulgaria ဘူလ်ဂေးရီးယား
ဘူလ်ဂေးရီယားကတော့
ရှေးဟောင်းဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေပြီး လှပတဲ့
ရေမြေတောင်တောင်တွေပေါများလှတဲ့ နိုင်ငံတစ်ခုပါ။ သင့်မှာ လစဉ်ဝင်ငွေ ဒေါ်လာ၁၅,၀၀၀
ရှိရုံမျှနဲ့ သင့်ကိုယ်သင် အထက်တန်းစားတစ်ယောက်လို နေထိုင်နိုင်ပါပြီ။ ဒေါ်လာ၂၀,၀၀၀
လောက်နဲ့ဆိုရင်ပဲ အိမ်တစ်လုံးကို ၀ယ်နိုင်ပါပြီနော်။
8. Hungary ဟန်ဂေရီ
ဟန်ဂေရီနိုင်ငံဟာလည်း
လူသိများတဲ့ ကမ္ဘာလှည့်ခရီးသွားစရာနေရာတစ်ခုဖြစ်နေပါပြီ။
အရင်တုန်းက အားလပ်ရက်တွေမှာ အပန်းဖြေအနားယူရန်အတွက် အိမ်တွေဝယ်ယူထားတဲ့ သူတွေဟာ
အခုဆိုရင် ပုံမှန်အခြေချနေထိုင်နေကြပါပြီ။ အဲ့ဒီနေရာဟာ
အရမ်းနေချင်စဖွယ်ကောင်းပါတယ်။ ဈေးလည်း အရမ်းမကြီးပါဘူး။ အိမ်းအကြီးစားတစ်လုံးကို
ဒေါ်လာ၉၀,၀၀၀ နဲ့ရောင်းချပေးပြီး အဲ့ဒီထဲမှာ အသင့်အတင့်ကျယ်ဝန်းတဲ့
မြေတွေလည်းပါဝင်ပါတယ်။
9. Albania အယ်လ်ဘားနီးယား
အယ်လ်ဘားနီးယားမှာကတော့
တစ်နှစ်ပတ်လုံး နေသာပြီး နွေထွေးတဲ့ ရာသီဥတုရှိပြီး အဲ့ဒီရာသီဥတုကပဲ
နေချင်စဖွယ်ဖန်းတီးပေးနေပါတယ်။ အားလပ်ရက်အတွက် အပန်းဖြေစရာနေရာ ဒါမှမဟုတ်
အမြဲတမ်းအခြေချနေထိုင်ဖို့အတွက် သင့်တော်ပါတယ်။ penthouse ကြီးကြီးတစ်လုံးကို
ဒေါ်လာ၁၅၀,၀၀၀ နဲ့ဝယ်ယူနိုင်ပြီး ဒါဟာ အမေရိကန်မှာဆိုရင် သိပ်မများလှတဲ့
ဈေးနှုန်းဖြစ်ပါတယ်။
10. Columbia ကိုလံဘီယာ
ကိုလံဘီယာမှာဆိုရင်
အ၀စား၊ အသင့်အတင့်ကောင်းမွန်တဲ့ အစားအသောက်ကိုမှ ၅ဒေါ်လာတည်းနဲ့
စားသောက်နိုင်ပါတယ်။ အိမ်ငှားဖို့အတွက် ၁လလျှင် ဒေါ်လာ၄၀၀ မှ ၄၅၀ လောက်ပဲပေးရပြီး
ကုန်ကျစရိန်အရမ်းသက်သာတဲ့ နိုင်ငံတစ်ခုဆိုတာကိုတော့ ရှင်းမပြတော့ပါဘူး။ တစ်ခုပဲသတိပေးချင်တာက
အဲ့ဒီနိုင်ငံမှာ ကိုယ်ဝယ်ယူထားတဲ့ အိမ်နဲ့
အနီးအပါးပတ်ဝန်းကျင်ကိုမူတည်ပြီး နယ်မြေဇုန်သတ်မှတ်ကာ အဆင့်ခွဲခြားတဲ့
အလေ့ရှိပါတယ်။ ဒါကြောင့် သင်ဟာ အဆင့်မြင့်မြင့်ပတ်ဝန်းကျင်မှာ
နေထိုင်ချင်တယ်ဆိုရင်တော့ အဖိုးအခ မြင့်မြင့်ပေးနိုင်ဖို့တော့လိုပါတယ်။
ကဲဒီတော့
သင်ဟာ အားလပ်ရက်အပန်းဖြေခရီးအတွက် နေထိုင်ဖို့ အိမ်ရှာနေရင် ဒါမှမဟုတ်
ပြောင်းရွှေ့အခြေချဖို့ နေရာသစ်တစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ ခုဖော်ပြထားတဲ့
နိုင်ငံတွေနဲ့ ဈေးနှုန်းတွေဟာ ရှားရှားပါးပါး မြေနေရာအကျယ်အ၀န်း၊ အံ့ဖွယ်
ဗိသုကာလက်ရာတွေ ဒါမှမဟုတ် လှပသာယာတဲ့ ရာသီဥတုမျိုး ပါဝင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။
ဒါကြောင့် ၀ယ်ယူပြီးမှ နောင်တရဖို့အကြောင်းမရှိတဲ့ နေရာမျိုးတွေ ဖြစ်ပါတယ်လို့
တင်ပြလိုက်ရပါတယ်။
Please go to the link for original article.
https://www.womensarticle.com/the-top-10-most-affordable-countries-to-buy-a-home/