စာအုပ်တပ်မက်သူ
~~~~~~~~~~~
~~~~~~~~~~~
Pamela Erens
ကျွန်မ ဟာ ကလေးဘ၀ကတည်းက စာဖတ်ဝါသနာပါသူတစ်ယောက်ပါ။ ပုံနှိပ်စာလုံးတွေဟာ ကျွန်မအတွက်တော့ အမြဲလှပနေတဲ့ အရာတွေဖြစ်ပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေဟာ အနီးအနား ၀န်းကျင်က စာလုံးတွေကို မြင်ရင်ဖြင့် ညှို့ယူဖမ်းဆီးခြင်းခံရသူလို ဖြစ်ရပါတယ်။ ဗို့အားမြင့် အန္တရယ်ရှိသည် (သို့) နှုတ်ခွန်းဆက်ပါသည် ဆိုတဲ့ စာတမ်းပဲ ဖြစ်ဖြစ်ပါ။ ကြီးပြင်းခဲ့တဲ့ အချိန် တစ်ချို့မှာ သူတို့တွေ(စာအုပ်တွေ)နဲ့ အတူတူ အေးစက်တဲ့ ရေအိုင်ငယ်ထဲမှာ ရေကူးခဲ့ကြတာ၊ ကျေးလက်လမ်းမပေါ်မှာ စက်ဘီးစီးပြိုင်ခဲ့ကြတာတွေက သတိတရပါပဲ။ တစ်မနက်မှာ ကျွန်မဟာ The Once and Future King စာအုပ်နဲ့ အတူ နေ၀င်နေတာကို စောင့်ကြည့်ခဲ့ တာကို သတိရမိပါတယ်။ ကျွန်မ The Outsiders စာအုပ်ကို ဖတ်ခဲ့တဲ့ အချိန်ကို မှတ်မိပါသေးတယ်။ စာအုပ်က အရာရာကို မကျေမနပ်ဖြစ်နေတဲ့ ဆယ်ကျော်သက်တွေ အကြောင်း ရေးသားထားတဲ့ စာအုပ်ပါ။ အစမှ အဆုံးတိုင်အောင် မီးဖိုချောင်မှ ထိုင်ခုံအဖုံးဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်တိုင်၊ ကျွန်မခန္ခာကိုယ်တစ်ခုလုံး နာကျင်နေသည့်တိုင်အောင် မထတမ်း ဖတ်ခဲ့ပါတယ်။
ခုတော့အဲ့ဒီလို စူးစိုက်မှုမျိုးနဲ့ စာကို မဖတ်နိုင်တော့ပါဘူး။ တကယ်တော့ ခုနောက်ပိုင်း စာအုပ်တွေကို လုံးဝမဖတ်နိုင်တော့တဲ့ အခြေအနေထိအောင်ကိုပါပဲ။ သတင်းစာ၊ စာအုပ် review၊ လစဉ်ထုတ်မဂ္ဂဇင်းတွေကိုတော့ ဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် စည်းစိမ်အပြည့်နဲ့ ကျွန်မတစ်ကိုယ်တည်း ရှိခဲ့လျှင်တောင် ည၁၀နာရီမတိုင်ခင်အထိ ကျွန်မအဖို့ ၀တ္တု သို့မဟုတ် စဉ်းစားတွေးတောရသော စာများကို ဖတ်ရန် မဖြစ်နိုင်ပါ။
ကလေးတွေ အိပ်ယာဝင်သွားပြီးတော့မှ ကျွန်မယောင်္ကျားနဲ့ ကျွန်မ လိုအပ်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပြီး၊ နောက်နေ့အတွက် လုပ်ရမယ့် အချိန်ဇယား နဲ့ အစီစဉ်တကျ ဖြစ်အောင် စီစဉ်ပြီးသောအခါမှသာလျှင် အက္ခရာ စာလုံးအကြီး L နဲ့စပြီ နစ်မြှပ်နိုင်ပါတယ်။
ကျွန်မအိပ်ယာဝင်တယ်၊ ပြီးတော့ ပိန်ပါးပါး ခေါင်းအုံးနဲ့ ဖောင်းဖောင်းပွပွ ခေါင်းအုံးကို နေရာတကျဖြစ်အောင် ညှိုလိုက်ပါတယ်။ ခြေအိတ်စွတ်ပါတယ်။ (အေးစက်စက် ခြေထောက်တွေနဲ့ စာဖတ်ရတာ အဆင်မပြေဘူးလေ)
စာအုပ်ကိုဖွင့်လိုက်ပြီး စာလုံးတွေနဲ့ အတူ လိုက်ပါလာတဲ့ အတွေးတွေကို စတင်ခွင့်ပြုလိုက်ပါတယ်။ ဘယ်သူမှ ကျွန်မကို မလိုအပ်တော့ဘူး။ ဘယ်သူမှလည်း ကျွန်မဘယ်သူဖြစ်တယ်ဆိုတာကို သတိမရတော့တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မအတွက် တစ်နေ့တာအဖို့ အမှားတွေ ထပ်လုပ်ဖို့၊ တစ်ယောက်ယောက်ကို စိတ်ပျက်စေဖို့၊ မပြီးပြည့်စုံသေးတဲ့ အလုပ်တွေကို ပြီးပြည့်စုံအောင်လုပ်ရန်အတွက် အရမ်းကို နောက်ကျနေချိန်ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ စာဖတ်ဖို့ရန်အတွက် စတင်ချိန် နောက်ကျကောင်းနောက်ကျနိုင်ပေမယ့်၊ နေထွက်ချိန်ထိတော့ ကျွန်မကောင်းကောင်းမွန်မွန် စာဖတ်နိုင်ပါတယ်။ အဲ့ဒါနဲ့ တစ်ပြိုင်နက်တည်းမှာပဲ တစ်နေ့တာလုံးမှာ ကျွန်မရဲ့ အသိစိတ်အတွင်းကနေ တင်းကျပ်စွာ ဖိစီးခဲ့တာတွေဟာလည်း တစ်ဖြည်းဖြည်းနဲ့ လျှော့နည်း နှေးကွေးလာခဲ့ပါတယ်။ နာရီဟာ ၁၃နာရီကို ရှာတွေ့ပါပြီ။
တစ်ခါတစ်လေ မမျှော်လင့်ပဲ လေပွေတိုက်သလို ရောက်ရှိလာခဲ့တဲ့ နေ့လည်ခင်း အားလပ်ချိန်များမှာ ကျွန်မရဲ့ စာအုပ်စင်များဆီသို့ ချဉ်းကပ်ပြီး၊ မဖတ်ရသေးတဲ့ ၀တ္တုစာအုပ်များ၊ ဆောင်းပါး ပေါင်းချုပ်များ၊ ဘုရားသခင့် ချီးမွမ်းတော်စာပေများ၊ အချစ်နှင့် သမိုင်းဆိုင်ရာများ စသဖြင့် အစုံအလင်သောစာအုပ်များ အနှံ့အပြားသို့ ရှာဖွေကြည့်ရှုဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးဆို ကျွန်မရဲ့ နှလုံးခုန်နှုန်းဟာ စိတ်လှုပ်ရှားမှုကြောင့် မြန်ဆန်လာခဲ့ပါတယ်။ ကျွန်မဟာ စာအုပ်စင်ပေါ်မှ မဖတ်ရသေးသော စာအုပ်များကို မခံစားရသေးသော အရာများအဖြစ် ချစ်ခင်စိတ် ဖြစ်ပေါ်လာပါတော့တယ်။ ကျွန်မဟာ စိတ်ဓါတ်တက်ကြွဖွယ် ခံစားမှုများဖြစ်ပေါ်စေတဲ့ အရာကို စာဖတ်ခြင်းအတွေ့အကြုံဖြင့် ရှာဖွေတွေ့ရှိလာခဲ့တယ်ဆိုတာကို သိခဲ့ရပါတယ်။
ဒါပေမယ့် အိပ်ခန်းမီးသီး မှိန်လာခဲ့တဲ့ အချိန်၊ တယ်လီဖုန်းနှင့် အခြားသောဆက်သွယ်ရေးများအားလုံးဟာ ပိတ်ထားသော အခန်းတံခါးရဲ့ နောက်မှ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားချိန်၊ ၄င်းအချိန်မျိုးမှာ ကျွန်မရဲ့ ကျေနပ်ဖွယ်အတိဖြင့် ကိုယ်ပိုင်စာဖတ်ခြင်း အမှုအတွက် အသင့်ဖြစ်နေပါပြီ။ စာမျက်နှာ-၁ ကိုဖွင့်လိုက်ချိန်မှာ ကျွန်မကိုယ် ကျွန်မရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပူပြင်းတဲ့ နွေနေ့လည်ခင်းတစ်ခုတွင် ပေါင်မုန့်ဆိုင်ထဲမှ မတ်တပ်ရပ်နေသော လူတစ်ယောက်။ ထိုသူဝတ်ထားသော ရှပ်အင်္ကျီနဲ့ သူ့ရဲ့လည်းစည်းဟာ အင်္ကျီအိတ်ကပ်မှာ ခေါက်ဝင်နေတာကို ထင်ရှားစွာ ကျွန်မမြင်နေရပါပြီ။ ငွေရှင်းကောင်တာမှ ပေါင်မုန့်ဖုတ်သူရဲ့ မိန်းမကိုလည်း မြင်နေရပါတယ်။ ရုတ်တရက် ကျွန်မဟာ အသေးစိတ်များရဲ့ ရှုပ်ထွေးမှုများအောက်သို့ ရောက်ရှိသွားခဲ့ပါပြီ။ စာအုပ်နဲ့ သူ့ဇတ်ကောင်တွေရဲ့ မြင်ကွင်းများ၊ အသံများနှင့် အနံ့များဟာ ကျွန်မကို အဲ့ဒီကမ္ဘာအစစ်ရဲ့ ထူးဆန်းမှုများဆီသို့ တစ်ဖြည်းဖြည်း ဆွဲခေါ်သွားခဲ့ပါတယ်။ ကျွန်မဟာ ကျွန်မရဲ့ တစ်နေ့တာအတွက် ဆန္ဒရှိနေရ၊ ကြောက်နေရ၊ အစီအစဉ်ချနေရတဲ့ ခြေလှမ်းနေရာမှာ မဟုတ်တော့ပါဘူး။ ကျွန်မ ပြေးမနေပါဘူး။ ဒါပေမယ့် စာအုပ် တစ်အုပ်ပြီးတစ်အုပ် ဖတ်ကာ လေဆန်ကို ဆန်တက်နေသလိုမျိုး လမ်းလျှောက်နေပါတယ်။
No comments:
Post a Comment