Saturday, October 6, 2018

The Top 10 Most Affordable Countries To Buy a Home

ကမာ့ ပေါ်ရှိ အိမ်ခြံမြေ ဈေးအသက်သာဆုံး ၁၀နိုင်ငံ

 
 
အခုဆိုရင် အမေရိကလို၊ ဗြိတိန်၊ အော်စတြေးလျနဲ့ ပြင်သစ်လို  နိုင်ငံမျိုးတွေမှာ လူနေမှုကုန်ကျစရိတ်ဆိုတာ မိုးမျှော်နေပါပြီ။ ဒါပေမယ့် သင်ဟာ သင့်နိုင်ငံကနေထွက်ခွာပြီး တစ်ခြားနေရာသစ်တစ်ခုမှ ဘ၀သစ်ရှာဖွေချင်တယ်ဆိုရင်ဖြင့် ကမာပေါ်မှာ နေမှုထိုင်မှု ကုန်ကျစရိတ် အလွန့်အလွန်သက်သာပြီး ဈေးပေါတဲ့ နိုင်ငံတွေအဖြစ် ကြွားဝါအမွှန်းတင်ခြင်းခံနေရတဲ့ နိုင်ငံတွေ တော်တော်များများ ကျန်ရှိနေပါသေးတယ်။ ကဲဒါဆိုရင်  သင်ဟာ စိတ်ချမ်းသာရာနေရာ ဘယ်လိုနေရာမှာပဲနေရနေရ အဆင်ပြေတယ်ဆိုရင်တော့ ဒီနိုင်ငံ ၁၀နိုင်ငံကို သင့်ရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ ထည့်သွင်းထားသင့်ပါပြီ။ နံပါတ် ၁နေရာကနေ စကြည့်မယ်ဆိုရင်တော့-

1. Cambodia ကမ္ဘောဒီးယား


 


အပူပိုင်းဒေသက သုခဘုံလေးတစ်ခုကို စဉ်းစားမယ်ဆိုရင် ကမောဒီးယားနိုင်ငံဟာ သင့်စိတ်ကူးထဲကို ပထမဆုံးရောက်လာမယ့် နေရာတစ်ခုအဖြစ် တိုက်ဆိုင်ချင်မှ တိုက်ဆိုင်နိုင်ပေမယ့် နည်းနည်းတော့ နီးစပ်ပါလိမ့်မယ်။ နောက်ထပ် ဖြည့်ပြောရရင်တော့ ဒီနိုင်ငံရဲ့ လူနေမှုကုန်ကျစရိတ်ဟာ အရူးအမူး ဖြစ်လောက်အောင်ကို ဈေးသက်သာတာမျိုးဟာ တစ်ခြား ဘယ်အပူပိုင်းဒေသမျိုးမှာမှ မရှိနိုင်တော့လောက်အောင်ပါပဲလေ။ အိပ်ခန်း ၄ခန်းနဲ့ ရေကူးကန်တစ်ခုပါဝင်တဲ့ ဇိမ်ခံအိမ်တစ်လုံးကိုမှ တစ်လလျှင် ဒေါ်လာ၆၀၀နဲ့ သက်သက်သာသာ ငှားရမ်းနေထိုင်နိုင်ပါတယ်။ ပြီးတော့ တစ်နှစ်လုံးအတွက် ငှားရမ်းမယ်ဆိုရင်တော့ ဒေါ်လာ၂,၀၀၀ တည်းနဲ့ ငှားရမ်းနိုင်ပြီး သင့်ရဲ့အိမ်ရာအဆောက်အအုံကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လည်း ဥယျဉ်မှုနဲ့ အိမ်တော်ထိမ်းလိုမျိုး အိမ်မှုကိစထိန်းသိမ်းဖို့အတွက်လည်း ငှားရမ်းလို့ ရနိုင်ပါတယ်။

2. Ecuador အီကွေဒေါ

 


အီကွေဒေါကတော့ အမေရိကန်နိုင်ငံနဲ့ နေမှုထိုင်မှု ပုံစံတော်တော်များများ ဆင်တုတဲ့ နိုင်ငံဖြစ်ပြီး အဲ့ဒီအတွက်အခုဆိုရင် အမေရိကန်အများစုရဲ့ ထွက်ပြေးနားခိုရာနေရာ တစ်ခုဖြစ်လာနေပါပြီ။ အဲ့ဒီမှာ အမေရိကန်ဒေါ်လာကို သူတို့နိုင်ငံသုံးငွေကြေးအဖြစ်တောင် အသုံးပြုနေကြပါပြီ။ ဒီနိုင်ငံမှာဆိုရင် နေတိုင်းလို အပြင်ထွက်စားနေရတာဟာ ကိုယ့်ဟာကို ချက်စားတာထက်တောင် အကုန်အကျသက်သာနေပြီး သင်ဟာ သင်ပိုင်ဆိုင်သော အိမ်ပိုင်ယာပိုင်တစ်ခုကို ဒေါ်လာ ၅၀,၀၀၀ တည်းနဲ့ ၀ယ်ယူပိုင်ဆိုင်နိုင်ပတယ်။ ပြီးတော့ သင်မရှိတဲ့ အချိန်တွေမှာ အိမ်ကိုထိန်းသိမ်းစောင့်ရှောက်မယ့်သူ တစ်ဦးဦးကိုလည်း ငှားရမ်းနိုင်ပါတယ်။

3. Mexico မကဆီကို


 


ဒီနိုင်ငံမှာ ဆင်ရဲမွဲတေမှုနဲ့ ဖိစီးနေတဲ့ လမ်းတွေဖြင့် ပြည့်နေတယ်လို့ လူသိများပေမယ့်လည်း အဲဒီမွဲတေမှုတွေရဲ့ အခြားတစ်ဖက်မှာတော့ သင်လိုအပ်မယ့် ဇိမ်ခံပစည်းတွေနဲ့ ပြည့်စုံနေစေမယ့် ချမ်းသာကြွယ်ဝတဲ့နေရာ တော်တော်များများ ရှိနေပါတယ်။ သင့်မှာဒေါ်လာ၇၀၀ လောက်ရှိယုံမျှနဲ့ မကဆီကိုမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ပါတယ်။ အဲ့ဒီထဲမှာ ရှုခင်းကောင်းနေရာကောင်းမှာ ဇိမ်ခံပစည်းစုံစုံလင်လင်နဲ့ အစားအသောက်အပြည့်အစုံ ပါဝင်ပြီးသားနော်။

4. Argentina အာဂျင်တီးနား

 


အာဂျင်တီနားကတော့ လူသိများထင်ရှားတဲ့ ကမာလှည့်ခရီးသွားစရာနေရာ တစ်ခုအဖြစ်ရှိနေခဲ့တာ ကြာပါပြီ။ သိတဲ့အတိုင်း အဲ့ဒီမှာက အင်မတန်ကောင်းတဲ့ စားသောက်ဆိုင်ကြီးတွေ၊ ကြွယ်ဝလှတဲ့ သမိုင်းနောက်ခံအကြောင်းအရာတွေ၊ လှည့်လည်သွားလာစူးစမ်းစရာ နေရာတွေ တော်တော်များများရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲ့ဒီမှာ အခြေချနေထိုင်မယ်ဆိုရင်တော့ အရမ်းဈေးမကြီးလှဘူးဆိုတာကိုတော့ ရှင်းပြနေစရာတောင် မလိုတော့ပါဘူး။ အလယ်အလတ်တန်းစား အိမ်တစ်လုံးအတွက် ဒေါ်လာ ၁၃၉,၀၀၀ ပတ်ဝန်းကျင်လောက်ပဲ ကုန်ကျစရိတ်ရှိပြီး၊ အမေရိကန်နိုင်ငံလိုမျိုးနဲ့ တွက်မယ်ဆိုရင် ဈေးသက်သာနေတုန်းပါပဲ။

5. Vietnum ဗီယက်နမ်


 


ဗီယက်နမ်နိုင်ငံဟာလည်း ခုနောက်ပိုင်းတော့ လူသိများထင်ရှားလာပြီဖြစ်တဲ့ Tourist Destination တစ်ခုဖြစ်လာပါပြီ။ ဒီနိုင်ငံဟာ နိုင်ငံခြားသားအိမ်ယာပိုင်ဆိုင်မှုအတွက် အရင်တုန်းကတော့ တာမြစ်ပိတ်ပင်ထားခဲ့ပေမယ် ခုတော့ အဲဒီဥပဒေကို ပြန်လည်ရုတ်သိမ်းလိုက်ပါပြီ။ အဲ့ဒီမှာဆိုရင် မီလီယံဒေါ်လာပေါင်း မြောက်များစွားတန်တဲ့ ဇိမ်ခံအဆောက်အဦးနဲ့ ပင်လယ်ကမ်းခြေကအိမ်တွေရှိသလို အသင့်အတင့် ကောင်းမွန်တဲ့ ကွန်ဒို သို့မဟုတ် အိမ်သေးသေး တစ်လုံးကို ဒေါ်လာ ၂၅,၀၀၀ ကနေ ၅၀,၀၀၀ ထိပေးပြီး သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့်နေရာမှာ ရှာဖွေဝယ်ယူနိုင်ပါပြီ။

6. Thailand ထိုင်း



ဒါကတော့ နောက်ထပ်လူသိများထင်ရှားတဲ့ ခရီးသွားစရာနိုင်ငံတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ကမာလှည့်ခရီးသွားတွေ လှည့်လည်သွားလာစရာ နေရာတော်တော်များများ ရှိပါတယ်။ အကောင်းစားကွန်ဒိုတစ်ခုကို ဒေါ်လာ၃၀,၀၀၀ နဲ့ဝယ်ယူနိုင်ပြီး ခြံကျယ်ကျယ်နဲ့ အိမ်ကြီးကြီးတစ်လုံးကို ဒေါ်လာ၆၀,၀၀၀ တည်းနဲ့ ၀ယ်ယူနိုင်ပါတယ်။ ပြီးတော့ ဈေးသက်သာတဲ့ အစားအသောက်နေရာတွေလည်းပေါပြီး ဈေးစစ်လိုက်မယ်ဆိုရင် သင့်ငွေတွေကို ဒီထက်တောင်ပိုသုံးလို့ရနေအုံးမှာပါ။

7. Bulgaria ဘူလ်ဂေးရီးယား
 
 

ဘူလ်ဂေးရီယားကတော့ ရှေးဟောင်းဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေပြီး လှပတဲ့ ရေမြေတောင်တောင်တွေပေါများလှတဲ့ နိုင်ငံတစ်ခုပါ။ သင့်မှာ လစဉ်ဝင်ငွေ ဒေါ်လာ၁၅,၀၀၀ ရှိရုံမျှနဲ့ သင့်ကိုယ်သင် အထက်တန်းစားတစ်ယောက်လို နေထိုင်နိုင်ပါပြီ။ ဒေါ်လာ၂၀,၀၀၀ လောက်နဲ့ဆိုရင်ပဲ အိမ်တစ်လုံးကို ၀ယ်နိုင်ပါပြီနော်။

8. Hungary ဟန်ဂေရီ

 

 


ဟန်ဂေရီနိုင်ငံဟာလည်း လူသိများတဲ့ ကမာလှည့်ခရီးသွားစရာနေရာတစ်ခုဖြစ်နေပါပြီ။ အရင်တုန်းက အားလပ်ရက်တွေမှာ အပန်းဖြေအနားယူရန်အတွက် အိမ်တွေဝယ်ယူထားတဲ့ သူတွေဟာ အခုဆိုရင် ပုံမှန်အခြေချနေထိုင်နေကြပါပြီ။ အဲ့ဒီနေရာဟာ အရမ်းနေချင်စဖွယ်ကောင်းပါတယ်။ ဈေးလည်း အရမ်းမကြီးပါဘူး။ အိမ်းအကြီးစားတစ်လုံးကို ဒေါ်လာ၉၀,၀၀၀ နဲ့ရောင်းချပေးပြီး အဲ့ဒီထဲမှာ အသင့်အတင့်ကျယ်ဝန်းတဲ့ မြေတွေလည်းပါဝင်ပါတယ်။

9. Albania အယ်လ်ဘားနီးယား

 


အယ်လ်ဘားနီးယားမှာကတော့ တစ်နှစ်ပတ်လုံး နေသာပြီး နွေထွေးတဲ့ ရာသီဥတုရှိပြီး အဲ့ဒီရာသီဥတုကပဲ နေချင်စဖွယ်ဖန်းတီးပေးနေပါတယ်။ အားလပ်ရက်အတွက် အပန်းဖြေစရာနေရာ ဒါမှမဟုတ် အမြဲတမ်းအခြေချနေထိုင်ဖို့အတွက် သင့်တော်ပါတယ်။ penthouse ကြီးကြီးတစ်လုံးကို ဒေါ်လာ၁၅၀,၀၀၀ နဲ့ဝယ်ယူနိုင်ပြီး ဒါဟာ အမေရိကန်မှာဆိုရင် သိပ်မများလှတဲ့ ဈေးနှုန်းဖြစ်ပါတယ်။
 
10. Columbia ကိုလံဘီယာ
 
 

ကိုလံဘီယာမှာဆိုရင် အ၀စား၊ အသင့်အတင့်ကောင်းမွန်တဲ့ အစားအသောက်ကိုမှ ၅ဒေါ်လာတည်းနဲ့ စားသောက်နိုင်ပါတယ်။ အိမ်ငှားဖို့အတွက် ၁လလျှင် ဒေါ်လာ၄၀၀ မှ ၄၅၀ လောက်ပဲပေးရပြီး ကုန်ကျစရိန်အရမ်းသက်သာတဲ့ နိုင်ငံတစ်ခုဆိုတာကိုတော့ ရှင်းမပြတော့ပါဘူး။ တစ်ခုပဲသတိပေးချင်တာက အဲ့ဒီနိုင်ငံမှာ  ကိုယ်ဝယ်ယူထားတဲ့ အိမ်နဲ့ အနီးအပါးပတ်ဝန်းကျင်ကိုမူတည်ပြီး နယ်မြေဇုန်သတ်မှတ်ကာ အဆင့်ခွဲခြားတဲ့ အလေ့ရှိပါတယ်။ ဒါကြောင့် သင်ဟာ အဆင့်မြင့်မြင့်ပတ်ဝန်းကျင်မှာ နေထိုင်ချင်တယ်ဆိုရင်တော့ အဖိုးအခ မြင့်မြင့်ပေးနိုင်ဖို့တော့လိုပါတယ်။

ကဲဒီတော့ သင်ဟာ အားလပ်ရက်အပန်းဖြေခရီးအတွက် နေထိုင်ဖို့ အိမ်ရှာနေရင် ဒါမှမဟုတ် ပြောင်းရွှေ့အခြေချဖို့ နေရာသစ်တစ်ခုကို ရှာဖွေနေတယ်ဆိုရင်တော့ ခုဖော်ပြထားတဲ့ နိုင်ငံတွေနဲ့ ဈေးနှုန်းတွေဟာ ရှားရှားပါးပါး မြေနေရာအကျယ်အ၀န်း၊ အံ့ဖွယ် ဗိသုကာလက်ရာတွေ ဒါမှမဟုတ် လှပသာယာတဲ့ ရာသီဥတုမျိုး ပါဝင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒါကြောင့် ၀ယ်ယူပြီးမှ နောင်တရဖို့အကြောင်းမရှိတဲ့ နေရာမျိုးတွေ ဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။

အောက်ပါလင့်တွင် မူရင်းဆောင်းပါးအား ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
Please go to the link for original article.
https://www.womensarticle.com/the-top-10-most-affordable-countries-to-buy-a-home/

 

I want to tell you a story of my father told me. 
A master and his disciple were walking together in the desert. The master was teaching his charge that he could always trust in God, since he was aware of everything.
Night fell, and they decided to pitch camp. The master raised the tent, and the disciple was given the assignment of tethering the horses to a rock. But as he stood by the rock, he thought to himself: The master is testing me. He said that God is aware of everything, and then asked me to tie up the horses. He wants to see whether or not I believe in God. 
Instead of tethering the animals, he said a long prayer, and left the faith of the horses in God's hands.
Next day, when they awoke, the horses were gone. Disappointed, the disciple complained to the master, saying that he no longer believed in him, since God had not taken care of everything, and had forgotten to watch over the horses.
"You are wrong," the master answered. "God wanted to take care of the horses. But in order to do so, he needed to make use of your hands to tether them to the stone."'
From The Valkyries
By Paulo Coelho

မင်းတို့ကို ငါ့အဖေ ပြောခဲ့တဲ့ ပုံပြင် တစ်ပုဒ်ကို ပြေပြချင်တယ်။
တစ်ခါတုန်းက ဆရာကြီးနဲ့ သူ့ရဲ့နောက်လိုက်တစ်ယောက် တို့ဟာ သဲကန္တာရထဲမှာ ခရီးလှည့်လည်သွားလာခဲ့ကြတယ်။
ဆရာကြီးက နောက်လိုက်ဖြစ်သူကို သူသည် ဘုရားကို အရာအားလုံးပေါ်တွင် ပုံအပ်ယုံကြည်သူဖြစ်ပြီး ဘုရားသခင်အားယုံကြည်ရန် ညွှန်ကြားဆုံးမနေခဲ့ပါတယ်။ 
ညရောက်တဲ့အခါ သူတို့ဟာ တစ်နေရာမှာ စခန်းချဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဆရာကြီးက ရွက်ဖျင်တဲ့ထိုးရန် တာဝန်ယူလိုက်ပြီး နောက်လိုက်ဖြစ်သူကို ၎င်းတို့ရဲ့မြင်းများကို ကျောက်တုံးတွင် ကြိုးဖြင့်ချည်နှောင်ထားရန် တာဝန်ပေးလိုက်ပါတယ်။
ဒါပေမယ့် တပည့်ဖြစ်သူဟာ ကျောက်တုံးဘေးမှာ မတ်တပ်ရပ်မိပြီဆိုတာနဲ့ သူ့ဟာသူ ပြန်စဉ်းစားလိုက်တယ်- ဆရာကတော့ ငါ့ကို စမ်းသပ်လိုက်တာပဲ၊ ဘုရားဟာ အရာအားလုံးကို သိတော်မူတယ်လို့ သူပြောခဲ့တယ်၊ ပြီးတော့ ငါ့ကို မြင်းတွေကို ကျောက်တုံးမှာ ကြိုးချည်ထားဖို့ ခိုင်လိုက်တယ်၊ အဲ့ဒါဟာ ငါတကယ်ပဲ ဘုရားသခင်ကို ယုံကြည်ရဲ့လား၊ မယုံကြည်ဘူးလား ဆိုတာကို စမ်းသပ်တာပဲ။ 
ဒီလိုနဲ့ နောက်လိုက်ဖြစ်သူ တပည့်ဟာ တိရိစ္ဆာန်တွေကို ကြိုးချည်နှောင်ထားရခဲ့မယ့်အစား အရှည်ပြီး ဘုရားရှိခိုး ဆုတောင်းပတ္ထနာပြုလုပ်ပြီး မြင်းတွေကိုတော့ ဘုရားသခင်ကို ယုံကြည်သက်ဝင်သောအားဖြင့် ဘုရားရဲ့လက်တော်တွင်း အပ်နှင်းကာ ကြိုးမချည်ပဲ ထားပြစ်ခဲ့ပါတယ်။
နောက်တစ်နေ့ သူတို့ နိုးထလာခဲ့ချိန်မှာတော့ မြင်းတွေက မရှိတော့ပါဘူး။ နောက်လိုက်ဟာ စိတ်ပျက်သွားပြီး ဆရာကြီးကို မကျေမနပ်နဲ့ သူဟာ ဘုရားသခင်ကို မယုံကြည်တော့ကြောင်း ပြောပါတယ်။ ဘုရားသခင်ဟာ အရာအားလုံးကို စောင့်ရှောက်တော်မူတယ်ဆိုပြီး သူ့ရဲ့မြင်းတွေကို စောင့်ရှောက်ဖို့ မေ့လျော့နေတယ်လို့ဆိုပါတယ်။
"မင်းမှားတယ်" ဆရာကြီးက ပြန်လည်ဖြေကြားခဲ့တယ်။
"ဘုရားသခင်ဟာ ငါတို့ရဲ့မြင်းတွေကို စောင့်ရှောက်ချင်တာပေါ့။ ဒါပေမယ့် အဲ့ဒီလို စောင့်ရှောက်ဖို့ရန်အတွက် ဘုရားဟာ မင်းရဲ့လက်တွေကိုသုံးပြီး မြင်းတွေကို ကျောက်တုံးမှာ ကြိုးချည်ဖို့ တော့ သူလိုအပ်တယ်လေ။"

Paulo Coelho ရဲ့ The Valkyries မှ ထုတ်နှုတ်ပြန်ဆိုပါသည်။

Friday, April 13, 2018

Who is Palmer Luckey? Palmer Luckey ဆိုတာ ဘယ်သူလဲ?



 

Ted Cruz Asked Mark Zuckerberg About Palmer Luckey. Here's Who He Is

During Facebook CEO Mark Zuckerberg’s Senate testimony Tuesday, Sen. Ted Cruz of Texas asked Zuckerberg about Palmer Luckey, a controversial former Facebook employee.
Here’s a transcript of the exchange:

Ted Cruz: “As CEO, have you ever made hiring or firing decisions based on political positions or what candidates [employees] supported?”

Mark Zuckerberg: “No.”

Cruz: “Why was Palmer Luckey fired?”

Zuckerberg: “That is a specific personnel matter that seems like it would be inappropriate to speak to here.”

Cruz: “You just made a specific representation that you didn’t make decisions based on political views. Is that accurate?”

Zuckerberg: “I can commit that it was not because of a political view.”

Who is Palmer Luckey?

Luckey, 25, was the founder of Oculus VR, a virtual reality company best known for its Oculus Rift headsets. Luckey became a Facebook employee in 2014 when Facebook acquired Oculus VR in a $3 billion deal.

However, Luckey and Facebook parted ways last year after it was revealed that he was quietly funding efforts attacking Hillary Clinton and supporting Donald Trump in the run-up to the 2016 U.S. presidential election. Luckey was also reportedly posting anti-Clinton messages on the social media site Reddit under a pseudonym.

Neither Luckey nor Facebook publicly gave a reason for Luckey’s departure. Facebook has continued to develop Oculus VR’s technology as part of its virtual reality initiatives.
Cruz, a staunch conservative, brought up Palmer Luckey while questioning Zuckerberg about Facebook’s political views. Facebook considers itself politically neutral and works with politicians on both sides of the aisle.

But the company has been criticized by conservatives for a perceived bias, particularly after it appeared to be suppressing right-leaning news outlets from its “Trending” section. That was among several political controversies that has engulfed Facebook over the past few months and years, including Russian electoral interference and the Cambridge Analytica scandal, the latter of which landed Zuckerberg in the hot seat this week.




စီနိတ်တာ Ted Cruz မေးခွန်းထုတ်ခဲ့တဲ့ Palmer Luckey ဆိုတာ ဘယ်သူလဲ??
 
တက်စ်စက်ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Sen Ted Cruz က Facebook ရဲ့ ယခင် ၀န်ထမ်းဟောင်းတစ်ဦးဖြစ်သူ Palmer Luckey နဲ့ပတ်သတ်ပြီး အငြင်းပွားဖွယ်ဖြစ်ပွားခဲ့သော အချက်အလက်များနှင့်ပတ်သက် မေးမြန်းချက်များကို Facebookအမှုဆောင်အရာရှိချုပ် Mark Zuckerberg ရဲ့ အင်္ဂါနေ့က ကျမ်းကျိန်းထွက်ဆိုချက်တွေဟာ ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားဖွယ်အကောင်းဆုံး သတင်းဖြစ်ခဲ့ပါတယ်။ 
အပြန်အလှန်မေးမြန်းဖြေကြားချက်များကို အောက်မှာဖော်ပြထားပါတယ်။
Ted Cruz : အမှုဆောင်အရာရှိချုပ်တစ်ဦးအနေနဲ့ ၀န်းထမ်းခန့်ထားခြင်း၊ ထုတ်ပယ်ခြင်းများကို နိုင်ငံရေး(ပါတီ)ရပ်တည်ချက်များကို အခြေခံပြီး ပြုလုပ်ပါသလား။ သို့မဟုတ် ဘယ်ပါတီကိုထောက်ခံသော ၀န်ထမ်းကို ရွေးချယ်ပါသလဲ။
Mark Zuckerberg : မရှိပါဘူး 

Cruz : Palmer Luckey ဘာကြောင့် အလုပ်ထုတ်ခံခဲ့ရတာလည်း။

Zuckerberg : အဲ့ဒါကတော့ ဒီနေရာမှာ ဖြေကြားဖို့ မသင့်တော်တဲ့ ကန့်သတ်ထားသော ၀န်ထမ်းရေးရာကိစတစ်ခုဖြစ်ပါတယ်။

Cruz : မင်းပဲ ၀န်ထမ်းခန့်ထား၊ ထုတ်ပယ်တာတွေကို သူတို့ရဲ့ နိုင်ငံရေးပါတီဆိုင်ရာ ရပ်တည်ချက်တွေကို ထည့်မတွက်ဘူးဆိုပြီး ပြောထားခဲ့တယ်လေ။ အဲ့ဒါ သေချာလား။

Zuckerberg : အဲ့ဒါက နိုင်ငံရေးရပ်တည်ချက်နဲ့ မသက်ဆိုင်ဘူးလို့ ကျွန်တော် အသေအချာပြောနိုင်ပါတယ်။

Palmer Luckey ဆိုတာ ဘယ်သူလဲ??

Luckey (၂၅)နှစ် ဟာ Oculus VR ဆိုတဲ့ Oculus Rift headset တွေ ထုတ်လုပ်တဲ့ ကုမဏီတည်ထောင်ခဲ့သူဖြစ်ပြီး၊ ၂၀၁၄ခုနှစ် Facebook က Oculus VR ကို ဒေါ်လာ ၃ဘီလီယံနဲ့ သဘောတူ ၀ယ်ယူလိုက်တဲ့ပြီးတဲ့နောက် Luckey ဟာ Facebook ရဲ့ဝန်ထမ်းဖြစ်လာခဲ့ပါတယ်။
သို့ပေမယ့် Luckeyဟာ ၂၀၁၆ အမေရိကန်သမတရွေးကောက်ပွဲ အကြိုကာလတွေမှာ ဟီလာရီကလင်တန်ကို ထိုးနှက်တဲ့ ရံပုံငွေအဖွဲ့အစည်းတွေကို တိတ်တဆိတ် ကူညီပေးနေပြီး၊ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲအကြို(မဲဆွယ်ကာလ)တွေမှာ ထောက်ပံ့ပေးခဲ့တယ်ဆိုတာ ပေါ်ထွက်လာပြီးနောက်ပိုင်း Luckeyနဲ့ Facebookတို့ဟာ လမ်းခွဲခဲ့ကြပါတယ်။ ထို့ပြင် Luckeyဟာ ကလောင်အမည်ဝှက်ဖြင့် Reddit (အမေရိကန်လူမှုကွန်ယက် သတင်မီဒီယာတစ်ခု) မှာ ဟီလာရီကလင်တန်ကို ဆန့်ကျင်သော သတင်း messages များရေးသားဖြန့်ဝေခြင်း အကြောင်းအရာများကြောင့် တိုင်ကြားခံခဲ့ရသူလည်း ဖြစ်ပါတယ်။
Luckey ရဲ့ Facebook မှထွက်ခွာခြင်းကို Luckey အနေဖြင့်သော်လည်းကောင်း သို့မဟုတ် Facebook မှဖြစ်ဖြစ် အကြောင်းပြချက်ခိုင်လုံစွာ လူသိရှင်ကြားထုတ်ဖော်ခဲ့ပြီး၊ Facebook အနေနှင့် virtual reality (ပကတိနီးပါး အဆင့်မြင့်နည်းပညာသုံး Game စသည်) ပိုင်းဆိုင်ရာ Oculus VRနဲ့ပတ်သက်တဲ့ နည်းပညာများကို ဆက်လက်ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ကွန်ဆာဗေတစ် တစ်ဦးဖြစ်တဲ့ စီနိတ်တာCruz က ဇူကာဘတ်ကို Facebook ရဲ့ နိုင်ငံရေးပါတီများအပေါ်ရပ်တည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စဉ်မှာ Palmer Luckey အကြောင်းကို မေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ Facebook အနေနဲ့ကတော့ နိုင်ငံရေးအရရော၊ နိုင်ငံရေးသမားများနှင့်ပါ နှစ်ဖက်စလုံးတွင် ဘက်မလိုက်ပဲ ကြားနေသူအဖြစ်ပဲ ရှိပါတယ်။
သို့ပေမယ့် ကုမဏီအနေနဲ့ အဆိုပါဖြစ်ရပ်ကြောင့် ကွန်ဆာဗေးတစ်တွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီး၊ အထူးသဖြင့် Trending section မှ ညာဘက်ယိမ်းသတင်းအကြောင်းအရာများ ထွက်ပေါ်လာပြီး နောက်ပိုင်းဖြစ်ပါတယ်။ အဲ့ဒါဟာ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့ပြီး Facebook ပေါ်မှာလည်း ရုရှားမှ ရွေးကောက်ပွဲစွက်ဖက်မှုများ လွှမ်းမိုးမှုနှင့် Cambridge Analytica Scandal အဖွဲ့ကြောင့် Facebook သုံးစွဲသူ userများရဲ့ သတင်းအချက်အလက် ပေါက်ကြားမှုများအတွက်ပါ နောက်ပိုင်းကာလများတွင် ဇူကာဘတ်အား အကျပ်ရိုက် ပြသနာဆိုက်စေခဲ့ခြင်းအကြောင်းဖြစ်စေခဲ့ပါတယ်။

http://time.com/5235569/who-is-palmer-luckey-lucky-facebook-zuckerberg-cruz/





Saturday, March 18, 2017

Tall Tales



Tall Tales

Written by Victoria Redel

Story from the "O's Little book of Happiness"


Somewhere after Farson, Wyoming, my sons grew restless in the backseat. Who could blame them?
We’d been traveling all day and well into the night, driving out of Utah to Thermopolis, Wyoming, home of the world’s largest hot spring.
 “Just go to sleep,” we commanded from the front seat, already exhausted by this vacation.
 “Tell us a story,” they said-and so began the adventures of Extravaganza and her sidekick and more or less true love, Cowboy Pete. From that night on, they became part of all long family car trips.
Extravaganza rides her horse with a diamond tiara shining in the light of the moon. Or, hobo-style, she jumps trains to Detroit to win a few hands of cards while searching for the parents of a lost boy.
Or she and Cowboy Pete crack treasure from a sunken lobster boat-they use the gold to help the lost boy, and the change is spent on strappy sandals. Our car rides are a means of going on vacation, of course-but now they’ve also become a way to go on a wild adventure, even when we’re still strapped and buckled in.

Friday, February 24, 2017

စာအုပ်တပ်မက်သူ (Book Lust)

စာအုပ်တပ်မက်သူ
~~~~~~~~~~~
Pamela Erens

ကျွန်မ ဟာ ကလေးဘ၀ကတည်းက စာဖတ်ဝါသနာပါသူတစ်ယောက်ပါ။ ပုံနှိပ်စာလုံးတွေဟာ ကျွန်မအတွက်တော့ အမြဲလှပနေတဲ့ အရာတွေဖြစ်ပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေဟာ အနီးအနား ၀န်းကျင်က စာလုံးတွေကို မြင်ရင်ဖြင့် ညှို့ယူဖမ်းဆီးခြင်းခံရသူလို ဖြစ်ရပါတယ်။ ဗို့အားမြင့် အန္တရယ်ရှိသည် (သို့) နှုတ်ခွန်းဆက်ပါသည် ဆိုတဲ့ စာတမ်းပဲ ဖြစ်ဖြစ်ပါ။ ကြီးပြင်းခဲ့တဲ့ အချိန် တစ်ချို့မှာ သူတို့တွေ(စာအုပ်တွေ)နဲ့ အတူတူ အေးစက်တဲ့ ရေအိုင်ငယ်ထဲမှာ ရေကူးခဲ့ကြတာ၊ ကျေးလက်လမ်းမပေါ်မှာ စက်ဘီးစီးပြိုင်ခဲ့ကြတာတွေက သတိတရပါပဲ။ တစ်မနက်မှာ ကျွန်မဟာ The Once and Future King စာအုပ်နဲ့ အတူ နေ၀င်နေတာကို စောင့်ကြည့်ခဲ့ တာကို သတိရမိပါတယ်။ ကျွန်မ The Outsiders စာအုပ်ကို ဖတ်ခဲ့တဲ့ အချိန်ကို မှတ်မိပါသေးတယ်။ စာအုပ်က အရာရာကို မကျေမနပ်ဖြစ်နေတဲ့ ဆယ်ကျော်သက်တွေ အကြောင်း ရေးသားထားတဲ့ စာအုပ်ပါ။ အစမှ အဆုံးတိုင်အောင် မီးဖိုချောင်မှ ထိုင်ခုံအဖုံးဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်တိုင်၊ ကျွန်မခန္ခာကိုယ်တစ်ခုလုံး နာကျင်နေသည့်တိုင်အောင် မထတမ်း ဖတ်ခဲ့ပါတယ်။
ခုတော့အဲ့ဒီလို စူးစိုက်မှုမျိုးနဲ့ စာကို မဖတ်နိုင်တော့ပါဘူး။ တကယ်တော့ ခုနောက်ပိုင်း စာအုပ်တွေကို လုံးဝမဖတ်နိုင်တော့တဲ့ အခြေအနေထိအောင်ကိုပါပဲ။ သတင်းစာ၊ စာအုပ် review၊ လစဉ်ထုတ်မဂ္ဂဇင်းတွေကိုတော့ ဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် စည်းစိမ်အပြည့်နဲ့ ကျွန်မတစ်ကိုယ်တည်း ရှိခဲ့လျှင်တောင် ည၁၀နာရီမတိုင်ခင်အထိ ကျွန်မအဖို့ ၀တ္တု သို့မဟုတ် စဉ်းစားတွေးတောရသော စာများကို ဖတ်ရန် မဖြစ်နိုင်ပါ။
ကလေးတွေ အိပ်ယာဝင်သွားပြီးတော့မှ ကျွန်မယောင်္ကျားနဲ့ ကျွန်မ လိုအပ်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပြီး၊ နောက်နေ့အတွက် လုပ်ရမယ့် အချိန်ဇယား နဲ့ အစီစဉ်တကျ ဖြစ်အောင် စီစဉ်ပြီးသောအခါမှသာလျှင် အက္ခရာ စာလုံးအကြီး L နဲ့စပြီ နစ်မြှပ်နိုင်ပါတယ်။
ကျွန်မအိပ်ယာဝင်တယ်၊ ပြီးတော့ ပိန်ပါးပါး ခေါင်းအုံးနဲ့ ဖောင်းဖောင်းပွပွ ခေါင်းအုံးကို နေရာတကျဖြစ်အောင် ညှိုလိုက်ပါတယ်။ ခြေအိတ်စွတ်ပါတယ်။ (အေးစက်စက် ခြေထောက်တွေနဲ့ စာဖတ်ရတာ အဆင်မပြေဘူးလေ)
စာအုပ်ကိုဖွင့်လိုက်ပြီး စာလုံးတွေနဲ့ အတူ လိုက်ပါလာတဲ့ အတွေးတွေကို စတင်ခွင့်ပြုလိုက်ပါတယ်။ ဘယ်သူမှ ကျွန်မကို မလိုအပ်တော့ဘူး။ ဘယ်သူမှလည်း ကျွန်မဘယ်သူဖြစ်တယ်ဆိုတာကို သတိမရတော့တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်မအတွက် တစ်နေ့တာအဖို့ အမှားတွေ ထပ်လုပ်ဖို့၊ တစ်ယောက်ယောက်ကို စိတ်ပျက်စေဖို့၊ မပြီးပြည့်စုံသေးတဲ့ အလုပ်တွေကို ပြီးပြည့်စုံအောင်လုပ်ရန်အတွက် အရမ်းကို နောက်ကျနေချိန်ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ စာဖတ်ဖို့ရန်အတွက် စတင်ချိန် နောက်ကျကောင်းနောက်ကျနိုင်ပေမယ့်၊ နေထွက်ချိန်ထိတော့ ကျွန်မကောင်းကောင်းမွန်မွန် စာဖတ်နိုင်ပါတယ်။ အဲ့ဒါနဲ့ တစ်ပြိုင်နက်တည်းမှာပဲ တစ်နေ့တာလုံးမှာ ကျွန်မရဲ့ အသိစိတ်အတွင်းကနေ တင်းကျပ်စွာ ဖိစီးခဲ့တာတွေဟာလည်း တစ်ဖြည်းဖြည်းနဲ့ လျှော့နည်း နှေးကွေးလာခဲ့ပါတယ်။ နာရီဟာ ၁၃နာရီကို ရှာတွေ့ပါပြီ။
တစ်ခါတစ်လေ မမျှော်လင့်ပဲ လေပွေတိုက်သလို ရောက်ရှိလာခဲ့တဲ့ နေ့လည်ခင်း အားလပ်ချိန်များမှာ ကျွန်မရဲ့ စာအုပ်စင်များဆီသို့ ချဉ်းကပ်ပြီး၊ မဖတ်ရသေးတဲ့ ၀တ္တုစာအုပ်များ၊ ဆောင်းပါး ပေါင်းချုပ်များ၊ ဘုရားသခင့် ချီးမွမ်းတော်စာပေများ၊ အချစ်နှင့် သမိုင်းဆိုင်ရာများ စသဖြင့် အစုံအလင်သောစာအုပ်များ အနှံ့အပြားသို့ ရှာဖွေကြည့်ရှုဖြစ်ပါတယ်။ အဲ့လိုအချိန်မျိုးဆို ကျွန်မရဲ့ နှလုံးခုန်နှုန်းဟာ စိတ်လှုပ်ရှားမှုကြောင့် မြန်ဆန်လာခဲ့ပါတယ်။ ကျွန်မဟာ စာအုပ်စင်ပေါ်မှ မဖတ်ရသေးသော စာအုပ်များကို မခံစားရသေးသော အရာများအဖြစ် ချစ်ခင်စိတ် ဖြစ်ပေါ်လာပါတော့တယ်။ ကျွန်မဟာ စိတ်ဓါတ်တက်ကြွဖွယ် ခံစားမှုများဖြစ်ပေါ်စေတဲ့ အရာကို စာဖတ်ခြင်းအတွေ့အကြုံဖြင့် ရှာဖွေတွေ့ရှိလာခဲ့တယ်ဆိုတာကို သိခဲ့ရပါတယ်။
ဒါပေမယ့် အိပ်ခန်းမီးသီး မှိန်လာခဲ့တဲ့ အချိန်၊ တယ်လီဖုန်းနှင့် အခြားသောဆက်သွယ်ရေးများအားလုံးဟာ ပိတ်ထားသော အခန်းတံခါးရဲ့ နောက်မှ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားချိန်၊ ၄င်းအချိန်မျိုးမှာ ကျွန်မရဲ့ ကျေနပ်ဖွယ်အတိဖြင့် ကိုယ်ပိုင်စာဖတ်ခြင်း အမှုအတွက် အသင့်ဖြစ်နေပါပြီ။ စာမျက်နှာ-၁ ကိုဖွင့်လိုက်ချိန်မှာ ကျွန်မကိုယ် ကျွန်မရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပူပြင်းတဲ့ နွေနေ့လည်ခင်းတစ်ခုတွင် ပေါင်မုန့်ဆိုင်ထဲမှ မတ်တပ်ရပ်နေသော လူတစ်ယောက်။ ထိုသူဝတ်ထားသော ရှပ်အင်္ကျီနဲ့ သူ့ရဲ့လည်းစည်းဟာ အင်္ကျီအိတ်ကပ်မှာ ခေါက်ဝင်နေတာကို ထင်ရှားစွာ ကျွန်မမြင်နေရပါပြီ။ ငွေရှင်းကောင်တာမှ ပေါင်မုန့်ဖုတ်သူရဲ့ မိန်းမကိုလည်း မြင်နေရပါတယ်။ ရုတ်တရက် ကျွန်မဟာ အသေးစိတ်များရဲ့ ရှုပ်ထွေးမှုများအောက်သို့ ရောက်ရှိသွားခဲ့ပါပြီ။ စာအုပ်နဲ့ သူ့ဇတ်ကောင်တွေရဲ့ မြင်ကွင်းများ၊ အသံများနှင့် အနံ့များဟာ ကျွန်မကို အဲ့ဒီကမ္ဘာအစစ်ရဲ့ ထူးဆန်းမှုများဆီသို့ တစ်ဖြည်းဖြည်း ဆွဲခေါ်သွားခဲ့ပါတယ်။ ကျွန်မဟာ ကျွန်မရဲ့ တစ်နေ့တာအတွက် ဆန္ဒရှိနေရ၊ ကြောက်နေရ၊ အစီအစဉ်ချနေရတဲ့ ခြေလှမ်းနေရာမှာ မဟုတ်တော့ပါဘူး။ ကျွန်မ ပြေးမနေပါဘူး။ ဒါပေမယ့် စာအုပ် တစ်အုပ်ပြီးတစ်အုပ် ဖတ်ကာ လေဆန်ကို ဆန်တက်နေသလိုမျိုး လမ်းလျှောက်နေပါတယ်။


Sunday, November 27, 2016

How To Be Political Without Being Horrifying

How To Be Political Without Being Horrifying


I cover how people & organizations work, and how they can work better.
Opinions expressed by Forbes Contributors are their own.
This election season has definitely given politics a bad reputation.
Or maybe I should say – a worse reputation. Many of us already had fairly negative associations with the idea of politics even before the current craziness. Over the years, when my colleagues and I have asked group participants to share their associations with the word “politics,” we most often hear responses like “sleazy,” “manipulative,” “ruthless,” “selfish,” and “dishonest.” It’s not a pretty picture.
But what if we take the word “politics” out of the gutter in which it is currently residing, and think about its more normal and useful meaning.  Because no matter what we think about what’s happening right now on the national stage, whenever any group of people is trying to get something done – from a kid’s baseball team to a Fortune 500 company; a rural PTA group to an international professional association; a family vacation to the Olympics – that endeavor is a web of relationships, influence and power. And at the simplest, most neutral level, politics is just the art of navigating that web successfully. That’s how you get things done, when you’re working with other people (as we almost always are).
And – like almost any other effort in life, you can do that navigation in an honest, high-integrity way that looks for the balance between what’s good for you and what’s good for others and the larger enterprise, or you can do it in a way that focuses only on you winning, and too bad for everyone else. I’m assuming that you’d prefer to be political in a way that supports both you and the greater good (and thus the title of the post); if not, you’re welcome to stop reading right now.
If you’re still with me, I’d like to encourage you to learn to be politically astute as a necessary career skill. And here’s how to do that without losing your soul in the process:
Decide what’s important to you. Remember, the reason you need to become politically skillful is it will give you a better chance of achieving whatever is important to you in the political landscapes within which you operate. So, first, it’s important to get clear about what you want to accomplish.  For instance, let’s say you’re focusing on work.

If you want to get a promotion, that’s going to require different navigation than if you want to figure out how to move laterally into another part of your organization. Or let’s say you’re focusing on a professional group to which you belong. Trying to convince your fellow members to have better meetings will require a different approach than trying to convince them to make you the executive director. In other words, figure out what you want to do, then you can work on how – again, in a high-integrity way – to make that happen.
Understand the environment.  Once you’re clear on your own goals relative to your group, it’s time to understand your current place within the group. In every collection of humans – your job, a classroom, a shipwrecked crew on a desert island – there will be people who trust and agree with you (allies), people who are kind of on the fence about you – they may trust you but not agree with you, or agree with you but not trust you (fence-sitters), and people who neither trust nor agree with you, and won’t support whatever it is you want to do (adversaries).
If you’re going to be successful in navigating any group, it’s critical to recognize this. I first learned this way of looking at the political landscape when I worked for Peter Block in the mid-1980s, at a time when he was writing his wonderful book The Empowered Manager: Positive Political Skills At Work. It really opened my eyes; I tend to be overly optimistic in most situations, and it was hugely helpful to approach my circumstances in this “fair witness” way – to make the effort to be accurate in assessing how others related to me.
I’d encourage you to do the same thing. If you want to be able to understand and navigate the political systems of which you’re a part, start by figuring out who – right now – are your allies, fence-sitters and adversaries. 
One simple way to get a sense of this is to ask yourself: who supports your efforts and helps you get things done (allies), who sits on the sidelines and neither helps nor blocks you (fence-sitters), and who inhibits you from accomplishing your goals (adversaries). 
It’s important to focus on people’s actual actions, vs. their words – some allies may aid you quietly and without fanfare, while some adversaries may tell you they only want to help…and then do things that make it harder for you to succeed. So be as objective as possible as you build your sense of the political map that surrounds you.

 နိုင်ငံရေးကို ကြောက်မက်ဖွယ် မကောင်းအောင် လေ့လာခြင်း  


ဒီနှစ်ရွေးကောက်ပွဲဟာ နိုင်ငံရေးဂုဏ်သတင်းကို အသေအချာပဲ ထိခိုက်စေခဲ့ပါတယ်။ ဒါမှမဟုတ် အဆိုးဆုံးလို့တောင် ကျွန်တော်ပြောသင့်မယ် ထင်တယ်။ အခုချိန်လို ရူးကြောင်ကြောင် အချိန်မတိုင်ခင်မှာတောင် ကျွန်တော်တို့ဟာ အပြုသဘောမဆောင်တဲ့ နိုင်ငံရေးတွေနဲ့ ရင်းနှီးခဲ့ပြီးသားပါ။  လွန်ခဲ့တဲ့နှစ်များက ကျွန်တော်နဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များဟာ အဖွဲ့လိုက်လှုပ်ရှားသူအချို့ကို “နိုင်ငံရေး” ဆိုတဲ့ စကားလုံးနဲ့ ပတ်သတ်ပြီး ၄င်းတို့ရဲ့ထင်မြင် ယူဆချက်များကို မေးမြန်းကြည့်တဲ့အခါမှာ- တော်တော်များများရဲ့ တုန့်ပြန်ပြောကြားချက်များကတော့ “မနှစ်မြို့ဖွယ်ရာကောင်းသော၊ လက်ဝါးကြီးအုပ်-တစ်ကိုယ်ကောင်းဆန်သော၊ စာနာမှု ကင်းမဲ့သော၊ မရိုးသားသော” စသည်ဖြင့် စုံနေအောင် ကြားရပါတယ်။ ဒါဟာ လှပတဲ့ ပုံရိပ်တစ်ခုတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေးဆိုတဲ့ စကားလုံးကို အခုရပ်တည်နေတဲ့ နေရာကနေ ဖယ်ထုတ်လိုက်မယ်ဆိုရင် နိုင်ငံရေးဟာ အသုံးဝင် အဓိပ္ပါယ်ပြည့်ဝတဲ့ စကားလုံးဖြစ်တယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လောလောဆယ် နိုင်ငံတော်အဆင့် နိုင်ငံရေးအခြေအနေဟာ ဘာပဲ ဖြစ်နေဖြစ်နေ၊ ဘယ်အဖွဲ့အစည်းက ဘာကိုပဲ လုပ်ဆောင်ရန်ကြိုးစားနေပါစေ- ဥပမာ Fortune 500 ကုမ္ပဏီရဲ့ ကလေး baseball team မှအစပြုပြီး၊ ကျေးလက်တောရွာရှိ PTA အဖွဲ့မှသည် နိုင်ငံတကာ ကျွမ်းကျင်အတတ်ပညာရှင် အသင်းအဖွဲ့၊ အိုလံပစ်ပွဲတော်သို့ မိသားစု အလည်အပတ်ခရီးထွက်ခြင်း၊ စသဖြင့် အဲ့ဒီကြိုးပမ်းအားထုတ်မှုများဟာ နိုင်ငံဆိုတဲ့ဝေါဟာရထဲက ရှုပ်ထွေးသော ဆက်ဆံရေးဖြစ်ပြီး၊ ကြိုးပမ်းမှုများအားလုံးဟာ အာဏာနဲ့ သြဇာလွှမ်းမိုးမှု ရရှိရန်အတွက် သာဖြစ်တယ်။ မည်သည့်ဘက်မှ မပါပဲ အရိုးရှင်းဆုံးဆိုရရင် နိုင်ငံရေးဆိုတာ အဲဒီအရှုပ်အထွေးကို အောင်မြင်စွာ ထိန်းကြောင်း ပဲ့ကိုင်နိုင်ခြင်း ပါပဲ။ အဲဒါဟာ လူတွေနဲ့ သင်အလုပ်လုပ်တဲ့အခါ သင့်ရဲ့အလုပ်တွေကို ဘယ်လိုဘယ်ပုံပြီးစီအောင် ဆောင်ရွက်မလဲဆိုတာပါပဲ။ (ကျွန်တော်တို့ အမြဲ အလုပ်ဖြစ်နေတဲ့ ပုံစံပေါ့)
ဘ၀မှာ တစ်ခြားအရာတွေကို ကြိုးပမ်းအားထုတ်ခဲ့ရသလိုပါပဲ၊ အဲဒီထိန်းကြောင်း နိုင်ခြင်းကို ရိုးသာစွာ၊ ဂုဏ်သိကာ မြင့်မားစွာနဲ့ ဘယ်အရာက သင့်အတွက် ကောင်းမွန်စေပြီး၊ ဘယ်ဟာက သူတစ်ပါးအတွက် အကျိုးရှိစေသလဲ၊ ပိုမိုကြီးမားတဲ့ လုပ်ငန်းများအတွက် ပိုကောင်းစေသလဲ စသည်ဖြင့်ချိန်ဆကာ ထိန်းကြောင်း ပဲ့ပြင်နိုင်သလို သင့်တစ်ဦးတည်း အောင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မယ်ဆိုလဲ လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါကတော့ သင်တစ်ယောက်တည်းကလွဲလို့ ဘယ်သူ့ကိုမှ အကျိုးမရှိစေပဲ ဆိုးရွားစေနိုင်ပါတယ်။
ကျွန်တော့်ရဲ့ အဆိုကို လက်ခံတယ်ဆိုရင် နိုင်ငံရေးကို လိမ္မာပါးနပ်စွာနဲ့ ကိုင်တွယ်ရန် လိုအပ်နေသော အသက်မွေး ပညာရပ်အဖြစ် လေ့လာဖို့ အားပေးချင်ပါတယ်။ အခုဖော်ပြထားတဲ့ အချက်တွေကတော့ သိကာရှိတဲ့ နိုင်ငံရေးကို လုပ်နည်း ကိုင်နည်းတစ်ချို့ဖြစ်ပါတယ်။
သင့်အတွက် ဘာကအရေးကြီးလဲဆိုတာ ဆုံးဖြတ်ပါ။ သင်ဟာ ဘာအတွက်ကြောင့် ကျွမ်းကျင်လိမ္မာသော နိုင်ငံရေးပညာရှင်တစ်ယောက် ဖြစ်ချင်တာလဲဆိုရင်၊ သင့်ရဲ့ကျွမ်းကျင်လိမ္မာမှုက နိုင်ငံရေးနယ်ပယ်မှာ ဘယ်လို အရေးကြီးတာမျိုးကိုမဆို သင့်အတွက် ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ် ဆိုတာကို ယုံကြည်လို့ပါ။ အဲ့ဒီတော့ ပထမဆုံး သင်ဟာ ဘာကို အထမြောက် အောင်မြင်ချင်သလဲဆိုတာ ရှင်းလင်းအောင်ပြုလုပ်ပါ။ ဥပမာ- သင့်အလုပ်ကို အာရုံစိုက်နေတယ် ဆိုပါစို့။
သင်ဟာရာထူးတိုးချင်တယ်၊ အဲ့ဒါဆိုရင် သင့်အဖွဲ့အစည်းကို ပုံမှန်သာမန်ရိုးကျ မြင်တဲ့ အမြင်ကနေ အမြင်ပြောင်းပြီး ချဉ်းကပ်ဖို့လိုအပ်ပါတယ်။ (သို့မဟုတ်) သင်ဟာ သင်ရဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ လုပ်ကိုင်နေတဲ့ အလုပ်အဖွဲ့အစည်းတစ်ခုကို အာရုံစိုက်နေတယ်ဆိုပါစို့။ သင့်ရဲ့ အဖွဲ့ဝင်တွေဟာ သင့်ကို executive director တစ်ယောက်အနေနဲ့ မြင်ဖို့ထက် သင်ဟာ သူတို့နဲ့ ပိုမိုအကျိုးရှိတဲ့ အစည်းအဝေးတွေကို ပြုလုပ်ပြီး သူတို့နဲ့အတူ ရှိနေတယ်ဆိုတာကို ထင်ရှားစေဖိုက ပိုကောင်းမွန်တဲ့ ချဉ်းကပ်နည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင်ဘာလုပ်ချင်လည်းဆိုတာကို သိအောင်လုပ်ပါ၊ ပြီးရင်တော့ - ဒီနေရာမှာ ထပ်ပြောပါရစေ ဂုဏ်သိကာမြင့်မာစွာနဲ့ သင်ဖြစ်ချင်တာကို ပြီးမြောက်အောင် ဆက်လုပ်ပါ။
ပတ်ဝန်းကျင်ကို နားလည်ပါ။ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရှင်းလင်းစေပြီး သောအခါ လက်ရှိ နေရာနဲ့ ပတ်ဝန်းကျင်ကို နားလည်ဖို့ လိုအပ်တဲ့ အချိန်ဖြစ်ပါပြီ။ အဖွဲ့အစည်းတွင်းရှိ လူတိုင်းလူတိုင်းမှာ အမျိုးမျိုးသော ပုံစံရှိကြသလိုပါပဲ-
-      သင့်ကို ယုံကြည်ပြီး သင်နဲ့သဘောထား ညီညွတ်တဲ့သူ (အဲ့ဒါဟာ သင့်ရဲ့ မဟာမိတ်)
-      သင်နဲ့ပတ်သက်ပြီး ခြံစည်းရိုးခွထိုင်နေတဲ့သူ- သူတို့တွေဟာ သင့်ကို ယုံကြည်ကောင်း ယုံကြည်လိမ့်မယ်၊ ဒါပေမယ့်သင်နဲ့တော့ သဘောထား မညီညွတ်တဲ့သူတွေပေါ့ (ဒါမှမဟုတ်) သင်နဲ့သဘောထားတူညီပေမယ့် သင့်ကို မယုံတဲ့သူ (အဲ့ဒီလိုလူမျိုးကတော့ ခြံစည်းရိုးခွနေတဲ့ သူတွေပေါ့)
-      ပြီးတော့ သင့်ကို ယုံလည်းမယုံကြည်၊ သင်နဲ့လည်း သဘောထားမတိုက်ဆိုင်တဲ့လူမျိုးတွေ နောက်ပြီး သင်ဘာပဲလုပ်လုပ် သင့်ကို မထောက်ခံတဲ့သူတွေ (ကန့်လန့်သမားတွေ၊ ပဋိပက္ခဖန်တီးသူတွေပါ)။
ဘယ်အဖွဲ့အစည်းမှာမဆို အောင်မြင်စွာ ထိန်းကြောင်းချင်တယ်ဆိုရင် အဲ့ဒီအချက်တွေကို လေ့လာ မှတ်သားထားဖို့ လိုပါတယ်။ ဒါကို ကျွန်တော်ဟာ နိုင်ငံရေးကို ပထမဆုံး စတင်လေ့လာတဲ့ အချိန် ၁၉၈၀ခုနှစ် အလယ်ပိုင်း၊ Peter Block မှာအလုပ်ဝင်ခဲ့တုန်းကပါ။ အဲ့ဒီတုန်းက သူဟာ သူ့ရဲ့ The Empowered Manager: Positive Political Skills At Work ဆိုတဲ့စာအုပ် ရေးသားနေတုန်းကပေါ့။ အဲ့ဒီစာအုပ်က ကျွန်တော့်မျက်လုံးတွေကို ဖွင့်ပေးခဲ့ပြီး ကျွန်တော်ဟာ တော်တော်များများ အခြေအနေတွေကို အကောင်းမြင် ရှုထောင့်ကနေ မြင်တတ်ခဲ့ပါတယ်။ အဲ့ဒါဟာ ကျွန်တော့်နဲ့ တစ်ခြားပတ်သက်သမျှ အရာတွေအပေါ် သမမျှတစွာဖြင့် ချဉ်ကပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်များချရန် အကြီးအကျယ် ကူညီပေးခဲ့ပါတယ်။
တစ်စုံတစ်ခု ပြုလုပ်ဖို့ ကျွန်တော်တွန်းအားပေးချင်ပါတယ်။ အကယ် သင်ကိုယ်တိုင် ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းရဲ့ နိုင်ငံရေးဆန်ဆန် စနစ်ကို နားလည်ချင်တယ်ဆိုရင်၊ ဘယ်သူဟာ သင့်ရဲ့ မဟာမိတ်တွေဖြစ်ပြီး၊ ဘယ်သူတွေကတော့ ခြံစည်းရိုးခွထိုင်နေတဲ့သူတွေနဲ့ ဘယ်သူတွေဟာ သင့်ကို ပြသနာရှာမယ့်သူတွေ ဆိုတာသိအောင် စတင်ရှာဖွေပါတော့။
အရိုးရှင်းဆုံးနည်းလမ်းတစ်ခု အနေနဲ့ ဒီဟာကို အဓိပါယ်ဖော်ရရင်၊ ဘယ်သူက သင့်ကို ထောက်ခံမလဲ(မဟာမိတ်တွေ)၊ ဘယ်သူက သင့်ကို အကူအညီလည်းမပေးဘူး-အနှောင့်အယှက်လည်း မပေးဘူး (ခြံစည်းရိုးခွသမားတွေ)၊နဲ့ သင့်ရည်မှန်းချက်ပန်းတိုင်ကို ပိတ်ပင်မယ့်သူတွေ (ပဋိပက သမားတွေ) ပါပဲ။
လူတွေရဲ့ အပြုအမူတွေကို အာရုံစိုက်ခြင်းဟာ အရေးကြီးသလို သူတို့ရဲ့ စကားလုံးတွေဟာလည်း အရေးကြီးပါတယ်။ တစ်ချို့အတိုက်အခံသမားတွေက သူတို့ဟာ သင့်ကို အကူအညီတွေ ပေးချင်ကြပါတယ်လို့ ပြောဆိုပြီး သင့်အောင်မြင်မှုအတွက်သွားရာလမ်းကို ပိုခက်ခဲအောင် လုပ်နေကြချိန် တစ်ချို့သော မဟာမိတ်တွေဟာ သင့်ကို ပွဲလမ်းသဘင်းကြီး မခင်းကျင်းပဲ တိတ်တဆိတ် အကူအညီတွေ ပေးနေကြပါလိမ့်မယ်။ အဲ့ဒီတော့ ကိုယ်တည်ဆောက်ထားတဲ့ ရည်မှန်ချက်အတိုင်း ဖြစ်အောင်နေထိုင်ပြီး ကိုယ့်ဖောက်ထားတဲ့ လမ်းပေါ်မှာပဲနေပါ။